အိမ်မက်
အင်း ... ငါ့သားလေး ကြီးလာရင်တော့ အားကိုးရမှာ
အဖေ့စကားသံက ကျနော့်နားထဲ ကြားလိုက်သလိုလို မကြားတချက် ကြားတချက်
တော်ကလည်းတော် ကျုပ်သားလေးကို ခိုင်းမစားရပါဘူး
ပညာတတ်ကြီးဖြစ်အောင် ကြိုးစားခိုင်းရမယ်
ဒါမှ သူများခိုင်းဘက် မဖြစ်မှာ
အမေ့ရင်ဘတ်ထဲက အသံ....စမ်းရေကြည်ကို ဖြတ်တိုက်လာတဲ့ လေညှင်းနုနုရယ်သာ
အေးလေ ငါက ခိုင်းစားမယ် မပြောပါဘူး
ပညာတတ်ကြီးသာဖြစ်ရင် ငါတို့အားကိုးရပြီလေ မဟုတ်ဘူးလား....
အဖေ့ရဲ့ တောင်ကိုဖြိုမယ့် လေဟုန်ပြင်းပြင်း မာန်အပြည့်နဲ့
သေချာတယ် သူတို့တွေမျက်လုံးတွေ အရောင်တလက်လက်တောက်နေလိမ့်မယ်
ကျနော်ကတော့ အိပ်မောကျနေတုန်း.......
ဒါက အိပ်မက် (၁)
ဦးကျား
Comments
Post a Comment