နှလုံးသားလေအန်ကုန်း

 အဲဒီနေ့က............

.........................................

ခဏတာ ရင့်ကျက်သယောင်ဆောင်ထားတဲ့ ကန်ရေပြင်ထက်မှာ

မျက်ဝန်းရောင်အနားသတ်ထားတဲ့ တိမ်ညိုတွေ ပြိုတော့မယောင်နဲ့ အနောက်တောင်အရပ်ဆီကို ခရီးနှင်နေကြတယ်


#ငါတို့_လက်ထပ်ကြစို့လား_ယု


ခရီးပန်းလာတဲ့ မိုးသက်လေတွေလို ကျနော် သူမကို မကြည့်ပဲ တစ်လုံးချင်း ပြောလိုက်မိတယ်

ကျနော့ဦးနှောက်ရဲ့ ထိန်းချုပ်ခြင်းမှ ဖီဆန်လွတ်ထွက်လာတဲ့ စကားတစ်ခွန်းဟာ 

သူမရဲ့ ဦးနှောက်တံတိုင်းတခုကို ဖြတ်သန်းရပေလိမ့်ဦးမည်

လွင့်ကြွေနေသော ရွက်ဝါလေးတွေလိုမျိုး ဖြာကျနေသော သူမဆံနွယ်စကလေးတွေလိုမျိုး ဝဲလွင့်နေသော သူမ ဂါဝန်အနားစလေးတွေလိုမျိုး ကျနော်နဲ့ သူမ ကန်စပ်မှာ ထိုင်နေကြတယ်

ညီမျှခြင်းမထိုးနိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ကိုပဲ အခါခါသက်ပြင်းရှည်ဆွဲနေရင်း ကန်ရေရိပ်ထဲက တယောက်အရိပ်ကို တယောက် ခပ်တွေတွေ ငေးကြည့်လို့

#ယု.........

သူမ တိတ်ဆိတ်နေတယ်

သူမ နားသယ်စပ်က ဇီဇဝါလေးလိုမျိုး သူမ တိတ်ဆိတ်နေတယ်

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဆိုသော စကားသည် နေရာတိုင်းအတွက် မဟုတ်နိုင်ပါလေတော့....

အချစ်သည် စွန့်လွှတ်ခြင်း ဆိုလျှင် အရာခပ်သိမ်းအား စွန့်လွှတ်ခြင်းသာဖြစ်၍ သူမအား ပိုင်ဆိုင်ရခြင်းသာ ဖြစ်ပါရစေသား........

ဟိုး..... ဝေးဝေးက မမြင်နိုင်လေသော ကမ္ဘာငယ်သစ်ဆီသို့

ဦးကျား

Comments